UPDATE - Snow emergency ends at 7 p.m. Saturday, 24 December.
++++++
နှင်း အရေးပေါ်အခြေအနေရှိလျှင် မြို့တော်အနှံ့အပြားရှိ ကားရပ်နားပါကင်အားလုံး၌ ကားရပ်နားခြင်းကို တားမြစ်ထားပါသည်၊ ထိုမှသာ နှင်းကျုံးသည့်ယာဥ်၀န်ထမ်းများသည် လျှင်မြန်စွာနှင့် တတ်နိုင်သမျှ ပြီးမြောက်သေချာစွာ လမ်းများရှင်းလင်း၍ ပြီးစီးနိုင်ရန် ဖြစ်ပါသည်။
ဤ နှင်း အရေးပေါ်အခြေအနေသည် လက်ရှိအချိန်မှစ၍ ပြန်လည်အကြောင်းကြားခြင်း မပြုမီအထိ စတင် အကျုံး၀င်ပါသည်။ အရေးအပေါ်အခြေအနေကို ရုပ်သိမ်းရန် ဘေးကင်းသည့် အခြေအနေသို့ရောက်ရှိပြီ ဟု ယူဆသည့်အခါ ထပ်မံ၍ သတင်းအချက်အလက် ပို့ပေးမည်ဖြစ်ပါသည်။
- ရပ်ရွာအတွင်း လမ်းဘေးတွင် ကားရပ်နားထားသည့် အိမ်နီးခြင်းများရှိလျှင် မိမိတို့၏ ယာဥ်များအား ရွှေ့ထားရန် နှင်းကျချိန် အရေးအပေါ်အခြေအနေ အကျုံး၀င်မှု မတိုင်ခင်အချိန်အထိ အချိန်ရပါသည်။ - ထိုအချိန်ပြီးလျှင် ဘက်တဲလ်ခရိမြို့တော် ရဲအရာရှိသည် လမ်းပေါ်တွင် ကျန်ရှိနေသော ယာဥ်များ၏ မှတ်ပုံတင်ထားသည့် ပိုင်ရှင်ယာဥ်မောင်းများထံ ဆက်သွယ်ရန် ပြုလုပ်ပါမည်။ နောက်ဆုံးအဆင့် အနေဖြင့် ရဲအရာရှိသည် ၎င်းယာဥ်များအား တိုး-ကားဖြင့် ဆွဲယူသွားမည်ဖြစ်သည်။
* အိမ်ရှေ့ကားရပ်နားရန် နေရာ သို့မဟုတ် တခြား ကားရပ်နားမည့် နေရာမရှိပါက၊ မိမိအား ဆက်သွယ်ရန် အချက်အလက်အပြည့်အစုံ ကိုကားအတွင်းမှန်ရှေ့ ဘောင်ပေါ်တွင် ဖော်ပြထားပါ၊ သို့မဟုတ် ရဲအရာရှိ တွေ့မြင်ရန်လွယ်ကူသည့် နေရာတွင် ပြသထားပါ။ *
- ဘက်တဲလ်ခရိ လမ်းပန်းဆက်သွယ်ရေးသည် ဘက်စ်ကားများ၊ Tele-Transit နှင့် BCGo တို့၏ လက်ရှိ အချိန်ဇယားနှင့် ၀န်ဆောင်မှုများကို ဆက်လက်မောင်းနှင်လျှက်ရှိပါမည်။ ပြောင်းလဲမှုရှိပါက ထို အပြောင်းအလဲများကို မျှ၀ေပေးပါမည်။
လမ်းပန်းဆက်သွယ်ရေး-သီးသန့် နှိုးဆော်ချက်များကို battlecreekmi.gov/notifyme ၌ Alert Center category အောက်တွင် စာရင်းသွင်းထားပြီး ရရှိနိုင်ပါသည်။ မိမိသွားလိုသည့် လမ်းခရီးအတွက် ကြိုတင်စီစဥ်ရန် အကူအညီလိုအပ်လျှင် လမ်းပန်းဆက်သွယ်ရေးဖုန်း ၂၆၉-၉၆၆-၃၄၇၄ သို့ ခေါ်ဆောင်၍ စီစဥ်နိုင်ပါသည်။
- Republic Services သည် ပုံမှန် လာရောက်ကြိုပေးသည့် နေရာများတွင် တတ်အားသရွေ့ ပြေးဆွဲနိုင်ရန် ကြိုးစားမည် ဖြစ်ပါသည်။ ရာသီဥတုအခြေအနေအရ နှောင့်နှေးကြန့်ကြာခြင်းများ ရှိမည်ဆိုလျှင် ပြင်ဆင်ချက်များကို မျှ၀ေပါမည်။
- အမှိုက်ကား/recycle ယာဥ်အတွက် သီးသန့် နှိုးဆော်ချက်ရရှိလိုလျှင် အင်တာနက်စာမျက်နှာ battlecreekmi.gov/notifyme ၌ အီးမေးလ် နှင့်/သို့မဟုတ် ဖုန်းမက်ဆေ့ချ် နှိုးဆော်ချက်များ အား Alert Center category အောက်တွင် စာရင်းသွင်းနိုင်ပါသည်။
- Republic အား အသေးစိတ်မေးမြန်းရန် ၂၆၉-၂၁၆-၈၀၀၈ သို့ခေါ်ဆိုပါ။
- မြို့တော်သတင်းများနှင့် အချက်အလက်များကို သိရှိနိုင်ရန် နည်းလမ်းများစွာရှိသည်
- မိမိတို့၏ အင်တာနက်စာမျက်နှာ battlecreekmi.gov တွင်ဖြစ်သည်။ battlecreekmi.gov/notifyme ၌ နည်းလမ်းများစွာသော အီးမေးလ် နှင့်/သို့မဟုတ် ဖုန်းမက်ဆေ့ချ် အချက်ပေးချက်များ စာရင်းသွင်းခြင်း ပြုလုပ်နိုင်သည်။
- မြို့တော်သတင်းများနှင့် နှိုးဆော်ချက်များ ဖုန်းမက်ဆေ့ချ်ဖြင့်ရယူရန် ရွေး-ချယ် ပါ။ စာတစ်ကြောင်းတည်းဖြင့် BCNEWS ဟူ၍ ဖုန်းမက်ဆေ့ချ် တစ်ခုပို့ပါ၊ ပြီးလျှင် BCALERTS ဟူ၍ နောက်ထပ် မက်ဆေ့ချ်တစ်ခုအား ၈၄၄-၆၇၃-၇၄၇၄ သို့ပို့ပါ။ ဖုန်းဒေတာ အစီအစဥ် ကျသင့်ငွေကြေး ရှိနိုင်ပါသည်။
ကျေးဇူးပြု၍ ပြည်နယ် လမ်းများနှင့် လမ်းမကြီးများသည် နှင်းကျုံး ရှင်းလင်းရာတွင် ဦးစားပေး ပထမ ပြုလုပ်မည် ဖြစ်သည်ကို သတိရပါ။ နှင်းရှင်းလင်းရေး၀န်ထမ်းများသည် လမ်းမကြီးများနှင့် ရပ်ကွက်လမ်းများ အား တတ်နိုင်သမျှ လိုအပ်သည့်အားလျော်စွာ အသွား၊ အပြန်ရှင်းလင်းပေးပါမည်။
ယခု ဆောင်းရာသီအတွက် ရပ်ရွာလူထုသည် ဘေးအန္တရာယ်ကင်းစွာ ရာသီဥတုအခြေအနေကို ဖြတ်ကျော်နိုင်ရန် တစ်ဦးတစ်ယောက်ခြင်းစီမှ စိတ်ရှည်သည်းခံပေးခြင်းနှင့် ပါ၀င်ကူညီမှုပြုခြင်းတို့အပေါ် ၀မ်းသာကျေနပ်မှု ရှိလျက် ဖြစ်ပါသည်။ မိမိတို့၏ အပါတ်စဥ် Snowtifications ပြုချက်များကို Facebook နှင့် Nextdoor အင်တာနက် စာမျက်နှာများတွင် Follow လုပ်ထားပါ၊ ဤဆောင်းရာသီတစ်လျှောက်တွင် လက်တွေ့အသုံးကျ အကြုံပြုချက်များနှင့် သတိပေးချက်များကို မျှ၀ေပေးပါသည်။ ထို့အပြင် battlecreekmi.gov/snow တွင်လည်း ဆောင်းတွင်း သတင်းအချက်အလက်များကို တွေ့မြင်နိုင်ပါသည်။