News Flash

Recreation

Posted on: May 15, 2023

Burmese: Neighbors invited to give opinions about city parks and recreation facilities

Red, green, and yellow speech bubbles that say "we want your parks and rec feedback" in Burmes

မြို့တော်ခေါင်းဆောင်များမှ ပန်းခြံများ၊ အပန်းဖြေနေရာအဆောင်အအုံများနှင့် အခြားအရာ များစွာတို့အပေါ် ရပ်ရွာပြည်သူများ၏ ထင်မြင်ယူဆချက်များကို သိရှိလိုပါသည်!

မြို့တော်၏ အပန်းဖြေဌာနသည် နောက်ထပ်ကြီးမားသည့် အစီအစဥ် မာစတာပလန်ကြီးတစ်ခုအား လက်ရှိလုပ်ဆောင် လျက်ရှိသည် - အပန်းဖြေမှု ပရိုဂရမ်များနှင့် အများပြည်သူအတွက် ၀န်ဆောင်မှုများဆိုင်ရာ စည်းမျဥ်းညွှန်ကြားချက်တို့ ပါ၀င်ပြီး ရပ်ရွာအတွင်း ပန်းခြံပြုပြင်ထိန်းသိမ်းရေးနှင့် ၀န်ဆောင်မှုတို့လည်းပါ၀င်သည်။ အစီအစဥ်တွင် ပါ၀င်သည်များမှာ စစ်တမ်းကောက်ခြင်း ပရိုဂရမ်များနှင့် ၀န်ဆောင်မှုများ၊ ဌာနဆိုင်ရာများရှိ ၀န်ထမ်း၊ ဘဏ္ဍာငွေနှင့် ရပ်ရွာလူထုနှင့်အတူ ပူးပေါင်းလုပ်ဆောင်မှုများ၏ ဖွဲ့စည်းတည်ဆောက်ပုံများ ပြန်လည်ဆန်းစစ်ခြင်း၊ နှင့် အနာဂါတ် ၅ နှစ်ကာလအတွက် action plan အစီအစဥ်ရေးဆွဲခြင်းတို့ဖြစ်ပါသည်။

ဤ လုပ်ငန်းလုပ်ဆောင်နေစဥ်ကာလအတွင်း အများပြည်သူထံမှ အကြံပေးတုံ့ပြန်မှုအား သိရှိလိုပါသည်၊ သို့ဖြစ်ပါ၍ ပန်းခြံများနှင့် ဘက်တဲလ်ခရိမြို့တော်ရှိ အပန်းဖြေနေရာများဆိုင်ရာ စစ်တမ်းအတိုအား ပြုလုပ်ထားပါသည်။ အဆိုပါ စစ်တမ်းသည် ၅ မိနစ်မှ ၆ မိနစ်အထိ ကြာချိန်ပျမ်းမျှရှိပါသည်။ စစ်တမ်းအား ဘာသာစကား ၃ ခုဖြင့် ရှာဖွေနိုင်ပါသည်၊ အောက်ပါ အင်တာနက်စာမျက်နှာများတွင်ကြည့်ပါ -

အင်္ဂလိပ်ဘာသာhttps://polco.us/sdtnu2 

မြန်မာဘာသာhttps://polco.us/srhag2 

စပိန်ဘာသာhttps://polco.us/szmr9f 

လက်ရှိ ၂၀၁၉-၂၀၂၃ အပန်းဖြေ မာစတာ အထူးအစီအစဥ် ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည် http://batt lecreekmi.gov/DocumentCenter/View/5396/Recreation-Master-Plan-2019-2023

ဖော်ပြပါ အင်တာနက်စာမျက်နှာ link များကို မြို့တော်၏ အင်တာနက် ပင်မစာမျက်နှာတွင် တစ်စုတစ်၀ေးတည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။  battlecreekmi.gov သို့၀င်ရောက်ပြီးလျှင် အထက်အောက်ရွေ့ကာ  City Spotlights တွင်လေ့လာပါ။

ဤ လုပ်ငန်းလုပ်ဆောင်နေစဥ်ကာလအတွင်း အများပြည်သူစီစဥ်၀ေဖန်ရန်အတွက် အစီအစဥ်အကြမ်းဖြင်း၊ နှင့် အဆိုပါ အကြမ်းဖြင်းပလန်အား ကြည့်ရှုနိုင်ရန် open houses များဖွင့်လှစ်ပေးခြင်း၊ ပန်းခြံများနှင့် အပန်းဖြေ၀န်ဆောင်မှု ပေးနေသည့် ၀န်ထမ်းများထံမှ ပိုမိုလေ့လာခြင်း စသည်တို့ပါ၀င်သည်။ 

Facebook Twitter Email