News Flash Home
The original item was published from 3/14/2022 2:11:00 PM to 3/14/2022 2:15:29 PM.

News Flash

General News

Posted on: March 14, 2022

[ARCHIVED] Burmese: City seeks input on police for Equity Audit

Text in Burmese about police-community relations meetings, with color city logo at top.

မတ်လ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်

ချက်ချင်းထုတ်ပြန်ချက် 
 
သတင်းအချက်အလက်အတွက် ဆက်သွယ်ရန်။      ။လာရာ အောပ်ဟိုင်းမ်၊ MGT၊ ၈၆၃-၂၂၁-၅၅၄၇ သို့မဟုတ် lopheim@mgtconsulting.com

မြို့တော် အတိုင်ပင်ခံမှ ဘက်တဲလ်ခရိမြို့တော်ရဲဌာနအပေါ် အများပြည်သူကောက်နုတ်ချက် တုံ့ပြန်မှုများ ရယူခြင်း

ဘက်တဲလ်ခရိမြို့၊ မစ်ရှီဂန် — မြို့တော်မှ တရားမျှတမှုစစ်ဆေးခြင်း အပိုင်း ၂ ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြည်သူလူထုအား ဘက်တဲလ်ခရိရဲဌာန နှင့် ဆက်ဆံမှုအတွေ့အကြုံများအပေါ် တုံ့ပြန်မှုမှတ်ချက်များပေးကြရန် တိုက်တွန်းပါသည်။ 

တရားမျှတမှုစစ်ဆေးရေးသည် MGT အတိုင်ပင်ခံလုပ်ငန်းမှ စီမံခန့်ခွဲမည်ဖြစ်ပြီး မိမိတို့၏ လုပ်သားအင်အားကို ကောင်းမွန်စွာအသုံးချခြင်းဖြင့် အများပြည်သူထံ ထိရောက်မှုရှိရှိ ကိုယ်စားပြုဆောင်ရွက်နိုင်ခြင်း၊ အများပြည်သူ အပေါ် တရားမျှတခြင်းနှင့် ပူးပေါင်းပါ၀င်စေခြင်း၊ လူသားအရင်းအမြစ်နှင့် ရဲဌာနပေါ်လစီများ တိုးတက်ဖွံ့ဖြိုး လာစေရန် လုပ်ဆောင်ခြင်းများ၊ BCPD နှင့် အများပြည်သူကြားရှိ ကူးလူးဆက်ဆံရေးများ ပြန်လည်သုံးသပ်ခြင်း တို့ဆောင်ရွက်မည် ဖြစ်ပါသည်။   

လက်ရှိလုပ်ထုံးလုပ်နည်းများသည် ရဲအရာရှိများနှင့် ဆက်ဆံရာ၌ ကူညီမှုဖြစ်သည် သို့မဟုတ် အတားအဆီး ကန့်သတ်မှုဖြစ်သည်ဟူသော သင်၏တုံ့ပြန်ချက်နှင့်အကြံပြုချက်များကို လိုလားပါသည်။ 

ပါ၀င်ဆင်နွှဲနိုင်မည့်နည်းလမ်းများစွာရှိပါသည်၊ ထို့အပြင် သင်၏ ကိုယ်ပိုင်အချက်အလက်များသည် လျှို့၀ှက် မှုရှိမည်ဖြစ်ပါသည်။ သင်၏ မှတ်ချက်များသည် ရဲဌာန-အများပြည်သူ ကူးလူးဆက်ဆံရေးကိစ္စများအတွက် ခြုံငုံလေ့လာမှုများ ပြုလုပ်ရာတွင် အသိပေးမှတ်ချက်များအဖြစ် ထည့်သွင်းသွားမည်ဖြစ်သည်၊ ဆက်လက်၍ MGT သည် ၎င်းမှတ်ချက်တို့အား တရားမျှတမှုစစ်ဆေးရေးအတွက်သာ အသုံးပြုမည်ဖြစ်သည်။ မိမိမှတ်ချက်များအား battlecreek@mgtconsulting.com သို့ အီးမေးလ်ပို့ပါ။

  • စကားဖြင့် စာပို့ရန် ၉၈၉-၂၆၀-၆၃၃၀ သို့ခေါ်ဆိုပါ။
  • အောက်ပါ အစည်းအ၀ေးများမှ တစ်ခုအား တက်ရောက်ပါ။ အင်တာနက်မှတစ်ဆင့် ပြုလုပ်သည့် အစည်းအ၀ေးအား မြို့တော်၏ YouTube ရုပ်မြင်သံကြားလိုင်းမှတစ်ဆင့် ထုတ်လွှင့်သွားမည် ဖြစ်ပါသည်၊ youtube.com/cityofbattlecreekmichigan
    1. အင်တာနက်မှတစ်ဆင့် ပြုလုပ်သည့် အစည်းအ၀ေး – ဗုဒ္ဓဟူးနေ့ မတ်လ ၁၆၊ ညနေ ၄-၆ နာရီ 

Zoom အင်တာနက်စာမျက်နှာ ချိတ်ဆက်လင့်ခ်https://us06web.zoom.us/j/84144362639?pwd=eDA4T0g0dFo4aTFKTzhwSG5yZkkvZz09
 *
မြန်မာဘာသာစကား စကားပြန်ရှိပါမည် *

  1. အင်တာနက်မှတစ်ဆင့်ပြုလုပ်သည့် အစည်းအ၀ေး –  အင်္ဂါနေ့ မတ်လ ၂၂၊ မနက် ၁၁ နာရီ - နေ့လည် ၁ နာရီ
     Zoom 
    အင်တာနက်စာမျက်နှာ ချိတ်ဆက်လင့်ခ်https://us06web.zoom.us/j/81626433752?pwd=T2lVTkllU1RMaTc0NkNndWFnSlVSUT09
     *
    စပိန်ဘာသာစကား စကားပြန်ရှိပါမည်*
  2. လူ-တွေ့ အစည်းအ၀ေး –ကြာသပတေးနေ့ မတ်လ ၂၄၊ မနက် ၁၁ နာရီ - နေ့လည် ၁ နာရီ 
     Kool Family Community Center, 200 W. Michigan Ave.
  3. လူ-တွေ့ အစည်းအ၀ေး –  ကြာသပတေးနေ့ မတ်လ ၂၄၊ ညနေ ၆-၈ နာရီ
     
    Kool Family Community Center, 200 W. Michigan Ave.
     *
    အမေရိကန် လက်သင်္ကေတပြဘာသာစကား စကားပြန်ရှိပါမည်*


မြို့တော်၀န်ကြီးများသည် နှုတ်ဆက်မိန့်ခွန်းအကျဥ်းချုံးပြောကြားမည်ဖြစ်သည်၊ ထို့နောက် အစည်းအ၀ေးအား ဆက်လက်၍ MGT မှဦးဆောင်ကာ ပြုလုပ်မည်ဖြစ်သည်။ ပူးပေါင်းပါ၀င်ခြင်းနှင့် ၀င်ရောက်ဆွေးနွေးခြင်းတို့ကို ကြိုဆိုပါသည်၊ ပြည်သူလူထုအား ကြိုတင်စီမံထားသောမေးခွန်းများ မေးမြန်းပြီး တွေ့ဆုံဆွေးနွေးပွဲစတင်မည် ဖြစ်ပါသည်။  

  • BCPD ရဲ့ အများပြည်သူ ဆောင်ရွက်မှုများနှင့် ပါ၀င်လုပ်ဆောင်မှုများအနက် မည်သည့် အစီအစဥ်များ သည် ထိရောက်မှုရှိပါသလဲ? BCPD အနေဖြင့် အများပြည်သူ လူမှုဖွံ့ဖြိုးရေးလုပ်ဆောင်မှုများ တိုးတက် ကောင်းမွန်စေရန် မည်ကဲ့သို့ ပြုပြင်မွမ်းမံသင့်ပါသလဲ? 
  • BCPD အနေဖြင့် အများပြည်သူထံ ပိုမို၍ ပွင့်လင်းမြင်သာမှုရှိစေရေး လုပ်ဆောင်သင့်သည့် နည်းလမ်းများ ပြောပြပါ?  
  • ဘက်တဲလ်ခရိမြို့တော်၏ ရဲဌာန-အများပြည်သူ ဆက်ဆံရေး တိုးတက်ကောင်းမွန်စေမည့် အကြံပြုချက်များ ရှိပါသလား? 
  • BCPD သည် အထူးသဖြင့် ရပ်ရွာအတွင်းရှိ လူငယ်လူထုအား ပြုမူဆက်ဆံရေးနှင့် ပါ၀င်လုပ်ဆောင်မှု များ၌ တိုးတက်လာစေရန် မည်သို့လုပ်ဆောင်သင့်ပါသလဲ?   
  • BCPD ၏ လုပ်ဆောင်မှုများကို မည်သည့် သတင်းဌာန(များ) မှတစ်ဆင့် သိရှိလေ့လာရပါသလဲ? BCPD မှ သတင်းအချက်အလက်နှင့် လုပ်ဆောင်မှုများ မျှ၀ေရာတွင် အခြားနည်းလမ်းများ အသုံးပြု၍ ဖြန့်၀ေခြင်း ပြုလုပ်သင့်ပါသလား? 

ဤအရေးကြီးသည့် ပြောဆိုဆွေးနွေးပွဲတွင် ပါ၀င်ဆင်နွှဲခြင်းအတွက် ကျေးဇူးတင်ပါသည်။ 

Facebook Twitter Email