သြဂုတ်လ ၄ ရက်၊ ၂၀၂၂ ခုနှစ်
ချက်ချင်းထုတ်ပြန်ချက်
သတင်းအချက်အလက်အတွက် ဆက်သွယ်ရန် - မြို့တော် စီမံခန့်ခွဲရေးရုံး ၂၆၉-၉၆၆-၃၃၁၁
မြို့တော်မှ ဦးဆောင်မှုရာထူးအသစ်အပေါ် အများပြည်သူတုံ့ပြန်ချက်အား ရှာဖွေသိရှိလိုပါသည်
ဘက်တဲလ်ခရိမြို့၊ မစ်ရှီဂန် — မြို့တော်အုပ်ချုပ်ဦးဆောင်သူများသည် မြို့တော်၏ရာထူးအသစ်တစ်ခုဖြစ်သည့် မတူကွဲပြားခြင်း၊ တရားမျှတမှုရှိခြင်းနှင့် ပါ၀င်အရာသွင်းခြင်းအရာရှိ ရာထူးအတွက် နောက်ဆုံးအဆင့် ရွေးကောက်ခံရသူများအား အများပြည်သူထံ မိတ်ဆက်ပေးရန် စိတ်လှုပ်ရှားလျက်ရှိပါသည်။
အများပြည်သူတွေ့ဆုံပွဲ ၌ ၎င်း ရွေးကောက်ခံကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံ၊ ကြားနာပြီး မေးခွန်းများ မေးမြန်းနိုင်ပါသည်။
- ကြာသပတေးနေ့၊ သြဂုတ်လ ၁၁ ရက် ညနေ ၅း၃၀ တွင်စတင်ပါမည်
- Burma Center, 765 Upton Ave., Springfield
- အမေရိကန် လက်သင်္ကေတဘာသာစကား၊ မြန်မာဘာသာနှင့် စပိန်ဘာသာစကားများအတွက် လူကိုယ်တိုင် ဘာသာပြန်ပြုလုပ်ခြင်း စီစဥ်ထားပါသည်
- မြို့တော်၏ YouTube ချန်နယ်လိုင်းမှ ပွဲအားတိုက်ရိုက်ထုတ်လွှင့်ခြင်းပြုလုပ်ပါမည်– ASL ဘာသာပြန်ခြင်းအား မြင်တွေ့နိုင်မည်ဖြစ်ပါသည်
ကျွန်ုပ်တို့သည် လူ-ကိုယ်တိုင် တက်ရောက်သူများနှင့် online မှကြည့်ရှုသူများအား ကိုယ်စားလှယ်လောင်းများ နှင့်ပါတ်သတ်၍ အမြန်ဖြည့်စွက်ဖေါင်တွင် တုံ့ပြန်ချက်များအားမျှ၀ေပေးရန် တောင်းဆိုအပ်ပါသည် – ပွဲကျင်းပ နေစဥ်တစ်လျှောက်တွင် ဖြည့်စွက်နိုင်ရန် စီစဥ်ထားမည်ဖြစ်သလို ပွဲပြီးသည့်အခါ၌လည်း မြို့တော် အင်တာနက် စာမျက်နှာတွင် တင်ပြပေးထားပါမည်။ တုံ့ပြန်ချက်အားလုံးကို တနင်္လာနေ့ ညနေ ၅နာရီ၊ သြဂုတ်လ ၁၅ ရက် နောက်ဆုံး ထား၍ပေးပို့ရန် တောင်းဆိုအပ်ပါသည်။
DEI Officer ရာထူးသည် အတိုင်ပင်ခံဖြစ်သည့် MGT မှအကြံပြုထောက်ခံချက်ဖြစ်ပါသည်။ ၎င်းတို့မှ မြို့တော်အုပ်ချုပ်ရေးအဖွဲ့အစည်း၏ တရားမျှတမှုစစ်ဆေးခြင်း ပြုလုပ်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါသည်။ ဤသို့ ပြုလုပ်ရာတွင် လူသားအရင်းအမြစ်ဌာန၊ ၀န်ထမ်းခန့်အပ်ခြင်းနှင့် ပေါ်လစီဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ပါ၀င်သည်၊ နှင့် ရဲဌာန၊ အများပြည်သူကူးလူးဆက်ဆံရေးပါ၀င်သည်။ MGT မှ အများပြည်သူတုံ့ပြန်ချက်များ ၊အထူးသဖြင့် ရဲဆိုင်ရာ အကြောင်းကိစ္စများ၊ ရယူပြီး ကောက်နှုတ်တင်ပြချက်ဖန်တီးပြုလုပ်ကာ မိမိတို့၏ DEI အလုပ်အား မည်ကဲ့သို့တိုးတက်လာစေမည့် အကြံပြုထောက်ခံချက်များလည်း ဖော်ပြထားမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ DEI officer အသစ်သည် မြို့တော်အုပ်ချုပ်ရေးအဖွဲ့အစည်းအနေဖြင့် ကြိုးပမ်းအားထုတ်မှုများကို လမ်းညွှန်ထိန်းကြောင်းပေးကာ ဘက်တဲလ်ခရိ အများပြည်သူအတွက် မတူကွဲပြားမှု၊ တရားမှုတမှု နှင့် ပါ၀င် အရာသွင်းမှုတို့၏ အရေးပါအရာရောက်ပုံတို့ကို ရပ်တည်ကာကွယ်ပေးခြင်းတို့လုပ်ဆောင်ပါမည်။
ဤအရေးကြီးသည့်ဆွေးနွေးပြောဆိုပွဲသို့ ပါ၀င်တက်ရောက်ကြမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။