ထပ်မံသိရှိလိုပါက ဆက်သွယ်ရန် - ဘက်တဲလ်ခရိ လမ်းပန်းဆက်သွယ်ရေး ၂၆၉-၉၆၆-၃၄၇၄
၀န်ထမ်းပြတ်လပ်မှုများကြောင့် ဘက်တဲလ်ခရိ လမ်းပန်းဆက်သွယ်ရေး၀န်ဆောင်မှုများ ညှိနှိုင်းပြင်ဆင်မှုရှိပါမည်
ဘက်တဲလ်ခရိမြို့၊ မစ်ရှီဂန်ပြည်နယ် - ဆက်လက်ဖြစ်ပေါ်လျက်ရှိသော ၀န်ထမ်းပြတ်လပ်မှုများကြောင့် ဘက်တဲလ်ခရိ လမ်းပန်းဆက်သွယ်ရေးသည် လာမည့် တနင်္လာနေ့၊ ဒီဇင်ဘာ ၁၉ ရက် မှစတင်၍ သယ်ယူပို့ဆောင်မှုလမ်းကြောင်းများ အားလုံး ၀န်ဆောင်မှုဆိုင်ရာညှိနှိုင်းပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ပါသည်။
BCT ပုံသေ ဘက်စ်ကားလမ်းကြောင်းများ ကို တနင်္လာ-သောကြာ၊ မနက် ၅း၁၅ - ညနေ ၆း၄၅ လည်ပတ်မှုရှိပါမည်။ စနေနေ့ ပုံသေ ဘက်စ်ကားလမ်းကြောင်း၀န်ဆောင်မှုသည် ယာယီ ဆိုင်းငံ့ပါသည်။ ပုံသေလမ်းကြောင်းများအားလုံးကို ဆက်လက်၍ ၀န်ဆောင်မှုလည်ပတ်စေနိုင်ရန်အတွက် အချို့ ဘက်စ်ကားများသည် တစ်နေ့တာအတွင်း လမ်းကြောင်းများ အလှည့်ကျ အပြောင်းအလဲပြုလုပ်၍ သွားလာမည် ဖြစ်ပါသည်။
အောက်ဖော်ပြပါ လမ်းကြောင်းများသည် ပူးတွဲမည်ဖြစ်သည်
- 1W - West Michigan / 3W - Kendall/Goodale – ဤဘက်စ်ကားသည် 1W လမ်းကြောင်းတွင် နာရီတိုင်း၏ ၁၅ မိနစ်၌ တစ်စီးလာမည်ဖြစ်ပြီး 3W လမ်းကြောင်းတွင် နာရီတိုင်း၏ ၄၅ မိနစ်၌ တစ်စီး ၀န်ဆောင်မှုရှိပါမည်။
- 2W - Columbia Territorial / 2E - Emmett/East Avenue – ဤဘက်စ်ကားသည် မနက် ၅း၁၅ မှ စတင်၍ 2W လမ်းကြောင်းတွင် ၂ နာရီလျှင်တစ်စီး နာရီတိုင်း၏ ၁၅ မိနစ်၌ ၀န်ဆောင်မှုရှိပါမည်။ ဤဘက်စ်ကားသည် မနက် ၆း၁၅ မှစတင်၍ 2E လမ်းကြောင်းတွင် 2W လမ်းကြောင်း၀န်ဆောင်မှု မရှိသည့် အချိန်များ၌ နာရီတိုင်း၏ ၁၅ မိနစ်လျှင် တစ်စီး ၀န်ဆောင်မှုရှိပါမည်။
- 3E - Main/Post / 4N - NE Capital – ဤဘက်စ်ကားသည် 3E လမ်းကြောင်းတွင် နာရီတိုင်း၏ ၁၅ မိနစ် လျှင် တစ်စီး ၀န်ဆောင်မှုရှိမည်ဖြစ်ပြီး 4N လမ်းကြောင်းတွင် နာရီတိုင်း၏ ၄၅ မိနစ်လျှင် တစ်စီး ၀န်ဆောင်မှု ရှိပါမည်။
- 4S - SW Capital သည် ပြောင်းလဲမှုမရှိပဲ တစ်နာရီလျှင်တစ်စီး ဆက်လက်ပြေးဆွဲပါမည်။
- 5W - Fort Custer/VA သည်ဆက်လက်၍ တစ်နာရီလျှင် တစ်စီးပြေးဆွဲပါမည်။ VA express သည် အချိန်ဇယားအတိုင်း၊ မနက်အစောပိုင်းနှင့် မွန်းလွဲချိန်များတွင် နာရီတိုင်း၏ ၄၅ မိနစ်၌ တစ်စီး ပြောင်းလဲမှုမရှိပဲ ဆက်လက်ပြေးဆွဲပါမည်။
နေ့စဥ် တစ်နာရီလျှင် တစ်စီးပြေးဆွဲသည့် ဘက်စ်ကားလမ်းကြောင်းများသည် ညနေ ၆း၁၅ တွင် ရပ်နားပါမည်။ လမ်းခရီးဆက်လက်သွားလာနိုင်ရန်အတွက် နာရီ၀က်-တစ်စီးပြေးဆွဲသည့် လမ်းကြောင်းများကို ညနေ ၆း၁၅ အထိ ၀န်ဆောင်မှုပေးမည်ဖြစ်ပြီး နေ့စဥ် ညနေ ၆း၄၅ ၌ရပ်နားပါမည်။ အဆိုပါလမ်းကြောင်းများနှင့် ပြောင်းလဲသတ်မှတ်လိုက် သည့် ၀န်ဆောင်မှုအချိန်ဇယားနှင့်ပတ်သတ်သည့် ထပ်ဆောင်းအချက်အလက်များကို BCT အင်တာနက်စာမျက်နှာ battlecreekmi.gov/transit တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
Tele-Transit အား မနက် ၅ နာရီ - ညနေ ၇ နာရီအထိ ပြေးဆွဲမည်၊ တနင်္လာနေ့ မှ သောကြာနေ့။ ညသန်းခေါင်အထိ ပြေးဆွဲလေ့ရှိသည့် Tele-Transit ၀န်ဆောင်မှုကို ယာယီ ဆိုင်းငံ့ရပ်နားထားပါသည်။ ဆက်လက်၍ Tele-Transit အား ဒီဇင်ဘာ ၂၄ ရက်နေ့မှ စတင်၍ စနေနေ့တိုင်း ပြေးဆွဲခြင်း မရှိတော့ပါ။.
BCGo သည် မနက် ၆ နာရီ - ညနေ ၇ နာရီ၊ တနင်္လာနေ့ မှ သောကြာနေ့ ပြေးဆွဲ၀န်ဆောင်မှုရှိပါမည်။ ဒီဇင်ဘာ ၂၄ ရက် နေ့မှ စတင်၍ စနေနေ့ဘက်စ်ကား ပြေးဆွဲခြင်းကို ယာယီဆိုင်းငံ့ပါသည်။
လမ်းပန်းဆက်သွယ်ရေးမှ ရပ်ရွာပြည်သူများအတွက် BCGo သို့မဟုတ် Tele-Transit ၌ ကြိုတင်အချိန်ဇယားပေးသွင်း ထားသည့် လမ်းခရီးများကို ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ဆက်လက်ကူညီ ပြေးဆွဲနိုင်ပါသည်။ လမ်းပန်းဆက်သွယ်ရေးမှ သင်၏လမ်းခရီးကို မဖြစ်မနေ ပယ်ဖျက်ရမည်ဆိုလျှင် ဒီဇင်ဘာ ၁၆ ရက်မတိုင်ခင် အသိပေးအကြောင်းကြားပါမည်။
ဘက်တဲလ်ခရိ လမ်းပန်းဆက်သွယ်ရေးအသင်းသည် မိမိတို့၏ ပြည်သူလူထုနှင့် မိမိတို့ပေးစွမ်းနိုင်သည့် အရေးပါသော ၀န်ဆောင်မှုအပေါ် အလေးထားလျှက်ရှိပါသည်။ ယခုကဲ့သို့ ၀န်ဆောင်မှု ညှိနှိုင်းပြင်ဆင်မှုများ ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ခက်ခဲမှုများအပေါ် နားလည်မှုရှိပါသည်၊ ဆက်လက်၍လည်း ပုံမှန်အချိန်ဇယားအတိုင်း ပြေးဆွဲ ၀န်ဆောင်မှုအား အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် စီမံမည်ဖြစ်ပါသည်။
BCT သည် အချိန်-ပိုင်း နှင့် အချိန်-ပြည့် ယာဥ်မောင်း၀န်ထမ်းများခန့်အပ်ရန်အတွက် နိုးကြွားစွာဖြင့် ရှာဖွေလျက် ရှိပါသည်။ ၀န်ထမ်းလစာကို တစ်နာရီ $၂၀.၆၁ မှ စတင်မည်ဖြစ်သည်၊ အတွေ့အကြုံရှိထားရန် မလိုအပ်ပါ၊ ထို့အပြင် လစာပြည့် အလုပ်သင်ကာလ သင်တန်းပေးမည်ဖြစ်သည်! ခန့်အပ်မည့် ရာထူးများအတွက် ကျန်းမာရေး၊ သွား ကျန်းမာရေးနှင့် မျက်လုံးကျန်းမာရေးအာမခံ၊ အလုပ်ရှင်မှတဆင့် ပင်စင် ငွေစုအကောင့် နှင့် များစွာသော အခြား အပြိုင်အဆိုင် အကျိုးခံစားခွင့်ကမ်းလှမ်းချက်များရရှိပါမည်! စိတ်၀င်စားသူများသည် battlecreekmi.gov/jobs ၌ အလုပ်လျှောက်နိုင်ပါသည်။