News Flash Home
The original item was published from 2/28/2023 11:20:29 AM to 3/24/2023 6:15:22 PM.

News Flash

General News

Posted on: February 28, 2023

[ARCHIVED] Burmese: City to begin ice storm tree debris pickup March 1

Tree limbs and branches along curbs of city streets, with Burmese text over the image

ဖေဖော်ဝါရီလ ၂၃၊ ၂၀၂၃

ချက်ချင်းလွှတ်ပြန်ချက် အချက်အလက်များအတွက် ဆက်သွယ်ရန်- မြို့တော် ၃၁၁ ပြန်ကြားရေးဌာန၊ ၂၆၉-၉၆၆-၃၃၁၁

မတ် ၁ ရက်၊ ဗုဒ္ဓဟူးနေ့မှစတင်၍ သစ်ပင်အပျက်အစီးများ ကောက်ယူခြင်းကို မြို့တော်စည်ပင်က ဆောင်ရွက်ပေးမည်ဖြစ်သည်။

BATTLE CREEK, Mich. — မြို့တော်နှင့် Consumer Energy ဝန်ထမ်းများသည် သစ်ပင် ရာနှင့်ချီ ပြိုကျပြီး ဓာတ်အားလိုင်း ထောင်ပေါင်းများစွာ ပြတ်တောက်နေသည့်အတွက် မြို့တွင်း သစ်ပင် အပျက်အစီးများကို လာမည့် မတ် ၁ ရက် ဗုဒ္ဓဟူးနေ့မှ စတင်ကာ သစ်ကိုင်းများသယ်ယူခြင်းကို ဆောင်ရွက်ပေးမည်ဖြစ်သည်။

ခဏတာ ကြန့်ကြာမှုကြောင့် Consumer သည် မြို့တွင်း ဓာတ်အားလိုင်းများ ပြန်လည်ပြုပြင်ရန် အချိန် ရှိမည်ဟု မျှော်လင့်ပါသည်။

သင် သိသင့်သည့် အချက်များ

· ဤအထူးသယ်ယူမှုသည် Battle Creek မြို့တော်၏ ကန့်သတ်ချက်များအတွင်းရှိ ရပ်ကွက်များအတွက်သာဖြစ်သည်။

· သစ်ကိုင်းစများကို ပလက်ဖောင်းပေါ်တွင် ထားထားပါ၊ သို့မဟုတ် ပလက်ဖောင်းမရှိပါက လမ်းအစွန်းသို့သယ်ယူလာရမည်။ သစ်ကိုင်းစများကို လမ်းအစွန်းသို့ ဆွဲယူလာပြီး ဖြတ်တောက်ရန်မလိုအပ်ပါ။ ကျေးဇူးပြုပြီး လူသွားလမ်းပေါ်တွင် သစ်ကိုင်းစများမရှိရန် ကြိုးစားပါ။ သင့်ခြံထဲရှိသစ်ကိုင်းများကို ကျွန်တော်တို့ ရှင်းပေးနိုင်မည် မဟုတ်ပါ။

· ဤအထူးသယ်ယူမှုသည် သစ်ကိုင်းများအ တွက်သာဖြစ်ပြီး အမှိုက် သို့မဟုတ် စွန့်ပစ်ပစ္စည်း အစုလိုက်အပုံလိုက် သယ်ယူခြင်းမဟုတ်ပါ။ သင်၏ပုံမှန်အမှိုက်နေ့အတွက် ထိုပစ္စည်းများကို သိမ်းဆည်းပါ။

· အနီးနားတွင် ဓာတ်အားလိုင်းကျနေပါက သစ်ကိုင်းစများကို မရွှေ့ပါနှင့်။ Consumer မှ ပျက်ကျနေသော မီးကြိုးများ ပြုပြင်ပြီးမှ သစ်ကိုင်းစများကို နေရာရွှေ့ပြောင်းနိုင်ပါသည်။

· ကျွန်တော်တို့သည် သစ်ကိုင်းစများကို တစ်ကြိမ်သာသယ်ယူမည် ဖြစ်သောကြောင့် နောက်အပက် ဗုဓ္ဓဟူးနေ့တွင် ထိုသစ်ကိုင်းစများကို ပလက်ဖောင်းပေါ်တွင် သေချာစွန့်ပစ်ရန် တောင်းဆိုပါသည်။

· အကယ်၍ ဆောင်းရာသီ အတိုင်း ရာသီဥတုပြန်လယ် ပြောင်းလဲပါက (တနင်္လာနေ့အတွက် ရာသီဥတု ခန့်မှန်းခြေ) ကျွန်ုပ်တို့ဝန်ထမ်းများသည် နှင်းရှင်းခြင်းနှင့် အခြားဆောင်းရာသီ ပြုပြင်ထိန်းသိမ်းမှုများကို ပြန်လည်လုပ်ဆောင်မည်ဖြစ်ပါသည်။ ထိုအရာများကို ဆောင်ရွက်ပြီးမှသာ သစ်ကိုင်းစများကို သယ်ဆောင်သွားမည်ဖြစ်ပါသည်။

· ဤအထူးယူဆောင်မှုကို အပြီးသတ်ရန် ရက်သတ္တပတ်များစွာ ကြာရင့်နိုင်ဖွယ်ရှိသည်။ ထို့ကြောင့် သင့်ရဲ့ သည်းခံမှုအတွက် ကျေးဇူးတင်ပါသည်။

သင်သိသင့်သော အခြားအရေးကြီးသောအချက်များ

· သစ်ပင်များ/သစ်ကိုင်းများ၊ အထူးသဖြင့် လမ်းဘေးတွင်ရှိနေပြီး ဓာတ်အားလိုင်းမထိပါက၊ ၂၆၉-၉၆၆-၃၃၁၁ သို့ ဖုန်းဆက်အကြောင်းကြားနိုင်ပါသည်။

· လျှပ်စစ်အားပြတ်တောက်မှု အခြေအနေကို စစ်ဆေးရန် သို့မဟုတ် ဓာတ်အားလိုင်းကျသွားကြောင်း သတင်းပို့ရန် လိုအပ်ပါက၊ Consumer Energy သို့ ၈၀၀-၄၇၇-၅၀၅၀ သို့မဟုတ် consumesenergy.com သို့ တိုက်ရိုက်ဆက်သွယ်ပါ။ သူတို့ကို ဆက်သွယ်ရန် အခက်အခဲများရှိနိုင်ပါသည်။ ဆက်လက်ကြိုးစားပြီး ဆက်သွယ်နိုင်ပါသည်။

· ဓာတ်အားလိုင်း မီးလောင်ခြင်း သို့မဟုတ် အရေးပေါ် အန္တရာယ် ဖြစ်စေနိုင်သော အခြား အရေးပေါ် အခြေအနေ ရှိပါက ကျေးဇူးပြု၍ ၉၁၁ သို့ ဖုန်းခေါ်ဆိုပါ။ Calhoun County တွင် ၉၁၁ ကို စာပို့ခြင်းများ ပြုလုပ်နိုင်ပါသည်။ နံပါတ် ၉-၁-၁ သို့ စာပို့ခြင်းဖြင့် သင့်အခြေအနေကို အကြောင်းကြားနိုင်ပါသည်။

· အပူချိန် ပူလာသည်နှင့်အမျှ ရေခဲများ အရည်ပျော်ကာ သစ်ပင်များနှင့် ဓာတ်အားလိုင်းများမှ အတုံးအခဲများ ပြုတ်ကျသည်ကို မြင်တွေ့ရပါသည်။ ရပ်ကွက်ထဲတွင် နေထိုင်သူများအတွက် သတိရှိစေလိုပါသည်။

· Battle Creek မြို့ နယ်နိမိတ်အတွင်း ပုံမှန်လမ်းဘေးခြံ အမှိုက်ကောက်ခြင်းကို ဧပြီလ ၁၀ ရက်ပတ်တွင် စတင်မည်ဖြစ်သည်။

Facebook Twitter Email